သမီးများနှင့်​ဖခင်​ဖြစ်​သူတို့စကားများရန်​ဖြစ်​ရာ ဖခင်ဖြစ်သူ​သေဆုံး…

354





—————

နွားထိုးကြီးမြို့ အမှတ်(၂)ရပ်ကွက်နေ မိခင်ဖြစ်သူဒေါ်မာမာအေးသည် မြို့ထဲ၌ ဈေးဖိုးများလှည့်လည်တောင်းနေစဉ် သမီးဖြစ်သူ မဟေမာဝင်းမှ နေအိမ်တွင် သားဖချင်းရန်ဖြစ်၍ ဖခင်ဖြစ်သူနှင့် ညီအစ်မတစ်တွေဒဏ်ရာများရရှိနေကြောင်း

ဖုန်းဆက်အကြောင်းကြား၍ နေအိမ်သို့ပြန်လာခဲ့ရာခင်ပွန်းဖြစ်သူကိုအောင်မင်းနှင့် သမီးများဖြစ်သူမခိုင်ဇာလင်း၊မဇင်မာစိုးတို့၏ ဦးခေါင်းများ၌ သွေးထွက်ဒဏ်ရာများဖြင့်တွေ့ရှိ၍ မေးမြန်းကြည့်ရာ…

သမီးဖြစ်သူများနှင့်ခင်ပွန်းဖြစ်သူတို့စကားများရန်ဖြစ်သတ်ပုတ်ခဲ့ပြီး သမီးဖြစ်သူများမှ သံယောင်းမဖြင့် ရိုက်၍ တွန်းလှဲ ခဲ့ကြသူ မခိုင်ဇာလင်း၊မဇင်မာစိုးနှင့်မဟေမာဝင်းတို့အား အရေးယူပေးရန် မိခင်ဖြစ်သူဒေါ်မာမာအေးမှ တိုင်ခဲ့သဖြင့် နွားထိုးကြီးမြို့မ ရဲစခန်းက အမှုဖွင့်ဆောင်ရွက်ပေးခဲ့သည်။…

ဒဏ်ရာရရှိသူကိုအောင်မင်းသည် ဆေးရုံတက်ဆေးကုသနေစဉ် သေဆုံးခဲ့သဖြင့် နွားထိုးကြီးမြို့မရဲစခန်းစခန်းမှူး ဒုရဲမှူးခင်မောင်ဦးနှင့်တပ်ဖွဲ့ဝင်များသည် တရားခံများကို နာရီပိုင်းအတွင်းဖမ်းဆီးမိ၍ အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ ကြောင်းသိရသည်။သန်းအောင်ဇော် . . .မြန်​မာ့အလင်​း…

Facebook Comments