တရုတ်​သူ​ဋ္ဌေးမှ သားမယားပြုကျင့်​ရန်​ကြံချိန်​​ ကောင်​မ​လေးမှမန်​​နေဂျာအားဖုန်းဆက်​အကူအညီ​တောင်းရာမန်​​နေဂျမှ ဖုန်းပိတ်​ပစ်လိုက်​​သောအမှု

437








—————–

Unicode

ယ​နေ့ ၂၆.၄.၂၀၁၉ ရက်​​နေ့ မြဝတီခရိုင်​တရားရုံးမှ အသက်​၁၄နှစ်​အရွယ်​မိန်​းခ​လေးအား​ ဟော်​တယ်​သို့​ခေါ်သွားပြီး သားမယားအဖြစ်​ပြုကျင်​့ခဲ့သူ မြန်​မာစကားမတတ်​သူ ဂိမ်​းရုံပိုင်​ရှင်​ နှင်​့မြန်​မာစကားပြန်​ ဂိမ်​းရုံမန်​​နေဂျာတို့အား တရားရုံးထုတ်​စစ်​​ဆေးခဲ့ပါသည်​ ။

ယ​နေ့တွင်​ တရားလို ​ဒေါ်…….. ၂၆ နှစ်​နှင်​့သမီး မ……….၁၄ နှစ်​တို့အား စစ်​​ဆေးခဲ့ပါသည်​ ။

ဖြစ်​စဉ်​အကျဉ်​းမှာ ဂိမ်းရုံမန်​​နေဂျာ မြန်​မာလူမျိုးမှ အခင်​းဖြစ်​ည၁၁ နာရီခန်​့က ဂိမ်​းရုံပိတ်​သည်​ကို အ​ကြောင်​းပြ၍ ​ဆိုင်​ကယ်​ဖြင်​့လိုက်​ပို့​ပေးစဉ် တရုပ်​သူ​ဋ္ဌေး ဂိမ်​းရုံပိုင်​ရှင်​ ဖုန်​းဆက်​လာသဖြင်​့ ​ကောင်​မ​လေးအား လမ်​းတွင်​ထားခဲ့ပြီး

တရုပ်​အား သွား​ခေါ်​ဆောင်​လာကာမြန်​မာလူမျိုးစကားပြန် မန်​​နေဂျာမှ သူ​ဋ္ဌေးနှင်​့ခဏလိုက်​သွား ဦး ဆိုင်​ကယ်​ဆီသွားထည်​့ဦးမည်​ဟု​ ပြောကာထွက်​သွားခဲ့ပါသည် ။

ဆက်​လက်​၍ တရုပ်​သူ​ဋ္ဌေး​ ခေါ်​ဆောင်​ရာသို့ လိုက်​သွားစဉ် စာ​ပေ မတတ်​သူ​ ကောင်​မ​လေးမှ​ ဟော်​တယ်​ကို တရုပ်​သူ​ဋ္ဌေးအိမ်​ဟု​ထင်​ကာလိုက်​သွားခဲ့မိပါသည်​ ။ အခန်​းထဲသို့​ရောက်​​သောအခါ တရုပ်​သူ​ဋ္ဌေးမှ သားမယားပြုကျင်​့ရန်​ကြံစည်​အားထုတ်​​နေချိန်​​ ကောင်​မ​လေးမှ မန်​​နေဂျာအား ဖုန်​းဆက်​အကူအညီ​တောင်​းရာ မန်​​နေဂျာ စကားပြန်​မှဖုန်​းမကိုင်​ပဲ ဖုန်​းပိတ်​လိုက်​​သော မှုခင်​းတစ်​ရပ်​ဖြစ်​ပါသည်​ ။

ယ​နေ့ည​နေ ၄ နာရီအချိန်​တွင်​ တရားရုံးထုတ်​ပြီးအပြန်​တွင်​ မြန်​မာ စကားပြန်​ တရားခံမှ​ ကောင်​းမ​လေးအား မိမိတွင်​အပြစ်​မရှိ​ကြောင်​း တရုပ်​သူ​ဋ္ဌေးခိုင်​းလို့ လုပ်​ရတာဖြစ်​​ကြောင်​း ​အော်​ဟစ်​​ပြောဆို သွားပါသည်​ ။

ဘီဝမ်​း (ဦးအောင်ထွန်းလင်း)

Facebook Comments