လူဆင်းရဲ ပေမယ့် စိတ်ဓါတ် မဆင်းရဲသူလေး ဒီကလေး ဘဝကောင်းစားဖို့အတွက် ရှဲပြီးကူညီကြရအောင်နော်

616

တစ်နေ့ တော့ ပြန်တွေ့ ချင်ပါသေးတယ်ကလေးရယ်

ကျမ ဆရာမတစ်ယောက်ပါ ဒီနေ့ ည ကျမကျူ ရှင်ကအပြန် ဒီကလေးလေးကို လိမ္မောသီးတွေနဲ့ မြင်လို့  မောင်လေး လိမ္မော်သီး တစ်ထုပ်ဘယ်လောက်လဲလို့ မေးတော့ ၅၀ကျပ်သား

ထုပ်တွေပါတစ်ထုပ်၁၅၀၀ ပါခင်ဗျ တဲ့

ဒါဆို တစ်ထုပ်ပေးနော်ဆိုပြီး ကျမ ၂၀၀၀ပေးလိုက်တယ် ၅၀၀ ပိုတာမောင်လေးမုန့် ဖိုးယူပါဆိုတော့ မယူပါရစေနဲ့ ဆရာမတဲ့ ဘာလို့ လဲဆိုတော့ ကျနော်လိမ္မော်သီဖိုးကလွဲရင် ကျနော်ဘယ်သူဆီကမှ ပိုက်ဆံအလကားမယူချင်လို့ ပါတဲ့ ဒါနဲ့ ကျမတပည့်လေးက ၁၀၀၀ ပေးတယ် ဒါလည်း ငြင်းပါတယ် လိမ္မော်သီးထုပ်တွေအများကြီးထမ်းပြီး လာရောင်းနေရှာတယ် မောင်နှမ ၈ ယောက်တဲ့ ကျောင်းနေချင်ပါ

တယ်ဆရာမတဲ့ နာမည်မေးတော့ ကောင်းခန့် သူ တဲ့ကျမ ဓါတ်ပုံရိုက်ခွင့်တောင်းပြီး ရိုက်လာခဲ့တာပါရှင်

Crd-Myint Myint

မေတ္တာဖြင့် ပြန်လည်မျှဝေသည်

#Aung Myat Zaw

ကျောက်ဆည်

Facebook Comments