ဇွဲကပင်မှန်ရင်ပြင်ကို ဆရာတော်ဦးဆောင်ဖွင့်လှစ်၊ တခုခု ဖြစ်ခဲ့လျှင် မည်သူတာဝန်ယူမည်နည်း?

1158

ဇွဲကပင်မှန်ရင်ပြင်ကို ဆရာတော်ဦးဆောင်ဖွင့်လှစ်၊ တခုခု ဖြစ်ခဲ့လျှင် မည်သူ တာဝန်ယူမည်နည်း?

မှန်ချပ်များ ခင်းထားသော တောင်ထိပ်တိုးချဲ့ရင်ပြင်ကို ဇွဲကပင်ဆရာတော်ဦးဆောင် ဖွင့်လှစ်၊ ကြံ့ခိုင်မှုမရှိ၍ အန္တရာယ်ရှိနိုင်ကြောင်း အင်ဂျင်နီယာပညာရှင်များ သတိပေးထားအမြင့်ပေ ၂,၀၀၀ ကျော်ရှိ တောင်ထိပ်၌ မှန်ချပ်ခင်း ထားသည့် ဇွဲကပင်တောင်ဘုရား တိုးချဲ့ရင်ပြင်ကို မေလ ၇ ရက် နံနက်တွင် ဖွင့်လှစ်ခဲ့သည်။

ဇွဲကပင်တောင်ဆရာတော် ကြီးကိုယ်တိုင် ဦးစီးလုပ်ဆောင် ခြင်းဖြစ်ကာ ကိုယ်တိုင်ဖဲကြိုးဖြတ် ဖွင့်လှစ်ရေစက်ချ တရားဟော ကြားခဲ့သည်။

‘‘ရင်ပြင်ပေါ်ကို လူတွေ အကုန်တက်လို့ရပါပြီ’’ဟု ဇွဲက ပင်တောင်ဘုရား ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးစောသာမြအောင်က ပြောသည်။

ဇွဲကပင်တောင်ထိပ်ရှိ မူလ ဘုရားရင်ပြင်သည် ကျဉ်းမြောင်းနေသဖြင့် ဘုရားဖူးခရီးသွားများ အဆင်ပြေစေရန်ဆိုကာ ရင်ပြင် တိုးချဲ့ခြင်းလုပ်ငန်းကို ၂၀၁၈ အ တွင်း စတင်လုပ်ဆောင်ခြင်းဖြစ် သည်။ အရှည် ၁၀၅ ပေ၊ အကျယ် ၁၇ ပေရှိသည့် ရင်ပြင်ပေါ် တွင် မှန်ချပ် ၇၀ ကျော် ခင်းထား သည်။ အဆိုပါ တိုးချဲ့ရင်ပြင်ကို အင်ဂျင်နီယာပညာရှင်များ မပါ ဝင်ဘဲ ဒေသခံအလုပ်သမားများ နှင့် လုပ်ဆောင်ခဲ့သဖြင့် ကြံ့ခိုင်မှုမရှိဘဲ ရင်ပြင်ပေါ်သို့ တက်ရောက်သည့် ခရီးသွားများ အန္တရာယ်ရှိ နိုင်ကြောင်း အင်ဂျင်နီယာပညာ ရှင်အဖွဲ့က ပြောကြားထားသည်။

ပြည်နယ်အစိုးရအဖွဲ့က လည်း ကန့်ကွက်ထားပြီး ကြံ့ခိုင် မှုစစ်ဆေးသည့် အင်ဂျင်နီယာ ပညာရှင်အဖွဲ့က အကြံပြုချက်အ တိုင်း ဖြည့်စွက်ပြင်ဆင်ရန် ပြော ကြားထားသည်။

သို့သော် လက်ရှိအချိန်အထိ ပညာရှင်အဖွဲ့၏ အကြံပြုချက်အ တိုင်း ပြင်ဆင်ခြင်းမရှိသေးပေ။‘‘ကျွန်တော် ထင်တာက တော့ လူတွေကလည်း ဒါနဲ့ ပတ် သက်ပြီးတော့ စိုးရိမ်နေကြမှာပါ။ တအားကြီး စုပြုံပြီးတော့ တက် မယ်မထင်ဘူး’’ဟု ကရင်ပြည် နယ် အစိုးရအဖွဲ့ဝင် မွန်တိုင်းရင်းသားရေးရာဝန်ကြီး ဦးမင်းတင်ဝင်းက ပြောသည်

ယင်းရင်ပြင်ပေါ်သို့ တက် ရောက်ခြင်းကြောင့် ပြည်သူများ အန္တရာယ်မဖြစ်စေရေး လိုအပ်သည်များ ပြင်ဆင်ရန် ဘုရား ဂေါပကအဖွဲ့သို့ တွန်းအားပေးမည်ဟု ၎င်းက ဆိုသည်။

Credit-7Day Daily

Facebook Comments