မိန်းကလေးတစ်ယောက် လုံးဝ မငြင်းနိုင်အောင်ရည်စားစကားပြောတဲ့နည်း

1274

မိန်းကလေးတစ်ယောက်ကို ချဉ်းကပ်ပြီး စကားစမပြောခင်မှာကတည်းက သူမကို ဆွဲဆောင်နိုင်ပါတယ်။ ဒါကတော့ ကိုယ်နေဟန် ခန္ဓာဗေဒဘာသာစကားဆိုင်ရာ လှည့်ကွက်လေးတွေ သုံးတတ်ဖို့ပဲ လိုပါတယ်။ ဒါ့ကြောင့် စကားတစ်လုံးမှမပြောသေးပဲ မိန်းကလေးတစ်ယောက်ကို အထာကျကျ ကျူနိုင်ဖို့ နည်းလမ်းတစ်ချို့ရှိတယ် ဆော်ရှိပြီး သားဆိုရင်တော့ စာဖတ်နေတာ ဒီမှာတင်ရပ်လိုက်ပါ

၁။ ရင်ဘတ်ကိုဖွင့်ထား

ပြောချင်တာက လက်ပိုက်ပြီး မနေတတ်တဲ့ ဘဲတွေက ပိုပြီးဆွဲဆောင်မှုရှိ သလိုလို တက်ကြွမှုရှိသလိုလို လို့ ပြောကြတယ်။ ဒါကြောင့် သင့်ရဲ့ ခန္ဓာကိုယ်ကို ကွယ်နေစေမဲ့အနေအထား ပိတ်နေစေမဲ့အနေအထားတွေကို ရှောင်ကြဉ်ရမယ်။ (ဗိုက်ပူနေရင်ဗိုက်ကို ကျုံ့ နိုင်သလောက် ကျုံ့ထားရမယ် ဗိုက်ကိုကျုံ့လိုက်တဲ့အတွက် ရင်ဘတ်က ပိုပြီး ကြီးထားသရောင်ဖြစ်လာမယ်။ ဟဟ နောက်တာပါ) ဆက်ပြောမယ်နော် ဒါကြောင့် ထိုင်နေ တဲ့အခါ ခြေထောက်တွေကို ချိတ်ထားတာမျိုးမဟုတ်ပဲ အနေတော်လောက် ချဲထားပြီး တံထောင်ဆစ်တွေကို ခန္ဓာကိုယ် နဲ့ အဆင်ပြေသလောက် အနည်းငယ်ခွာထားရမယ်။

၂။ နောက်တခုက အကြည့်

အကြည့်က ဘယ်လောက်အရေးကြီးလဲ ဆိုရင် အကြည့်တချက်နဲ့ တင်စကားတွေအများကြီးပြောနိုင်တယ်။အချိန်အတိုင်းတာတခုထိ ကောင်မလေးနဲ့ အကြည့်ချင်း ဖလှယ်ပြီး မှ ချဉ်းကျပ်ရတာပိုလွယ်လိမ့်မယ်။ (ကိုယ်ဒွေ ခေတ်တုန်းကဆို အကြည့် သက်သက် တင် ၂ လ လောက် အချိန်ပေးရပါတယ်။) ဆက်ပြောမယ် ဒါကြောင့် မိနစ်အနည်းငယ်ကြာတိုင်းမှာ ပတ်ဝန်းကျင်ကို လှည့်ကြည့်ပြီး သူမနဲ့ ခနလောက် မျက်လုံးချင်းဆုံးအောင် ကြိုးစားကြည့်ပါ။ မျက်မှန်အောက်ကနေ ခိုးရှိုးတာမျိုးမလုပ်ပါနဲ့ ပြီးတော့အရမ်းစူးစိုက်ကြည့်တာမျိုးလဲ မလုပ်ပါနဲ့။

၃။ အရမ်းမပြုံးပါနဲ့

အရမ်းမျက်နှာချိုပြီး ဖြဲပြ ပြုံးပြလွန်းတာဟာ မိန်းမဆန်တယ်လို့ အမျိုးသမီးတွေက သတ်မှတ်တတ်ကြပါတယ်။ ဒါပေမယ့် ကျောက်ရုပ်လို စက်ရုပ်လို ခပ်တည်တည်နေစရာလည်း မလိုပါဘူး။ ပြုံးတယ်ဆိုတာ သိသာရုံလေးက ပိုပြီးတော့ ဆွဲဆောင်မှုရှိစေတယ်။(မပြုံးတတ်ရင် Youtube မှာရှာ။) ကိုယ့်ကိုကိုယ်ယုံကြည့်မှုရှိတဲ့ မျက်နှာထား မျိုးပေါ့

၎။ မလှတဲ့ မျက်နှာကို ထိတွေ့ပါ

မိနစ်အနည်းငယ်တိုင်းမှာ တစ်ကြိမ်လောက် သင့်ရဲ့မေးရိုးနဲ့မေးစေ့ကို ပွတ်သပ်ပေးပါ။ ဒီအချက်က သင့်ရဲ့ ယောင်္ကျားပီသတဲ့အသွင်အပြင်တွေကို သူမရဲ့သတိထားမိအောင် ဆွဲဆောင်နိုင်ပါတယ်။ သင့်မျက်နှာအောက်ပိုင်းဟာ သင့်ရဲ့အမျိုးသားပီသမှုနဲ့ ဆက်စပ်နေပါတယ်။ ဒါ့ကြောင့် ထင်ရှားတဲ့မေးရိုးမရှိဘူးဆိုရင်တောင်မှ ဖော်ပြခဲ့သလို ပွတ်သပ်ပေးမှုကြောင့် သင့်ကိုပိုပြီးဆွဲဆောင်မှုရှိစေမှာပါ။

၅။ ဖြန့်ကျက်ထား

စားပွဲတစ်ခုမှာထိုင်တဲ့အခါမှာ လက်တစ်ဖက်ကို အနီးနားက ထိုင်ခုံနောက်မှီပေါ်မှာတင်ထားတာ ဒါမှမဟုတ် တံတောင်ဆစ်တွေကို နောက်ဖက်မှာတင်ပြီး ဘားကိုမှီထားတာမျိုးတွေ ခေါ်တာပါ။ ဒီလို ဖြန့်ကျက်ထားတဲ့ ပုံစံတွေက ကိုယ်ပိုင်နေရာကို အပြည့်အ၀ပိုင်စိုးထားနိုင်တဲ့ လက္ခဏာဖြစ်ပါတယ်။ အမျိုးသမီးတွေက ဒီပုံစံမျိုးကို ဆွဲဆောင်မှုရှိတဲ့ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိသူအဖြစ် သတ်မှတ်တတ်တယ်။

၆။ သူမရဲ့လှုပ်ရှားမှုကို မသိမသာလိုက်လုပ်ပါ

သူမရဲ့ လက်ဟန်အနေအထား ဒါမှမဟုတ် လှုပ်ရှားပုံကို လိုက်တုတာမျိုးဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ လှုပ်ရှားမှုကို ထပ်တူလိုက်လုပ်တာက သူမအမြင်မှာ သင့်ကိုနှစ်လိုဖွယ်ရာဖြစ်စေပါတယ်။ ဒါပေမယ့် အရမ်းများလို့တော့ အဆင်မပြေပါဘူး။ အလွန်အကျွံလိုက်တုတာ၊ အရမ်းနီးနီးကပ်ကပ်ကြီးမှာ လိုက်လုပ်နေတာက မျက်နှာပြောင်ရာရောက်ပါတယ်

၇။ သူမဖက်က အထာလေးတွေကို စောင့်ကြည့်

ခင်ဗျားဘက် ကမီးကုန်ယမ်းကုန် ပညာကုန် သိသမျှ တတ်သမျှ အကုန်လုံးထုတ်သုံးပြီးပြီဆိုရင် သူမဖက်ကလည်း စိတ်ဝင်စားကြောင်း အထာလေးတွေ ပြလာပါလိမ့်မယ်။ သင့်ကို ကြည့်နေချိန်မှာ ဆံပင်ကိုအနောက်ဖက်သပ်တင်တာ၊ နားနောက်ကို သိမ်းတာတွေ လုပ်မလုပ် သတိထားကြည့်ပါ။ ပိုပြီးအခွင့်သာနိုင်တာက သင်နဲ့ မျက်လုံးချင်းဆုံချိန်မှာ မျက်ခုံးပင့်သယောင်လေးဖြစ်သွားတာပါပဲ။

ကဲ ရဲဘော်တို့။ အောင်မြင်ပါစေ

mmgentleman

Facebook Comments