ယောကျာ်းလေးတွေ မိန်းကလေးတစ်ယောက်ကိုတကယ်ချစ်မိသွားရင်တွေးတတ်တဲ့အတွေး(၆)မျိုး

2658

လူတိုင်းက ကိုယ့်ကိုတကယ်ချစ်တဲ့သူ၊ တကယ်နားလည်ပေးတဲ့သူ၊ ကိုယ်ကလည်း တကယ်ချစ်တဲ့သူမျိုးနဲ့သာ တွဲချင်ကြတာပါ။ ဒါပေမယ့် ယောကျာ်းလေးတွေက မိန်းကလေးတစ်ယောက်ကိုချစ်မိသွားတာလား၊ စွဲလန်းနေတာလား ဆိုတာကို ကွဲကွဲပြားပြားမခွဲခြားတတ်ကြပါဘူး။ တကယ်လို့ ယောကျာ်းလေးတွေမှာ ဒီလိုအတွေးမျိုးတွေ တွေးမိနေတယ်ဆိုရင်တော့ မိန်းကလေးတစ်ယောက်ကို သေချာပေါက်အရူးအမူးချစ်မိနေပြီလို့ ပြောရတော့မှာပါ။ ကဲ .. ဒါတွေ တွေးခဲ့ဖူးပြီလားဆိုတာ ဖတ်ကြည့်လိုက်ပါဦး။ ပျိုမေတို့လည်း ချစ်ချစ်တွေကို ဒါတွေတွေးဖူးရဲ့လားဆိုတာ မေးကြည့်လိုက်နော်

(၁) သူပျော်ဖို့ဘာမဆိုလုပ်မယ်

ယောကျာ်းလေးတွေက သူတို့တကယ်ချစ်တဲ့သူနဲ့တွေ့တဲ့အခါ သူပျော်ရင်ကိုယ်လည်းပျော်တယ်၊ ကိုယ်ပျော်ဖို့ထက် သူပျော်ဖို့အဓိက သူပျော်ဖို့အတွက် ဘာမဆိုလုပ်မယ်ဆိုတဲ့ အတွေးမျိုးတွေးတတ်ကြပါတယ်။

(၂) ကိုယ့်ကိုယ်ကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားရမယ်

တကယ်ချစ်တဲ့သူနဲ့တွေ့တဲ့အချိန်မှာ သူနဲ့အတူ ဘ၀တစ်ခုထူထောင်ချင်တဲ့စိတ်မျိုးဖြစ်လာပြီး၊ ကိုယ့်ကိုယ်ကို အကောင်းဆုံးဖြစ်အောင်ကြိုးစားရမယ်လို့တွေးလာပါတယ်။ ကိုယ့်အတွက် ကြိုးစားချင်စိတ်မရှိခဲ့ရင်တော့ သူ့အတွက်တော့ ကြိုးစားချင်စိတ်ရှိလာတာမျိုးပါ။

(၃) ငါတို့ဘာလို့အရင်တည်းကမဆုံခဲ့ကြတာလဲ

အရင်ကတည်းကသူနဲ့ဆုံခဲ့ရမှာလို့တွေးပြီး အရင်အချိန်တွေအတွက် နှမြောနေတာမျိုးပါ။ သူမက ကိုယ့်အတွက် ပြီးပြည့်စုံတဲ့သူတစ်ယောက်ဖြစ်နေပြီး စောစောတွေ့ခဲ့ရင်ကောင်းမယ်လို့ တွေးမိနေပါတယ်။

ယောကျာ်းလေးတွေ မိန်းကလေးတစ်ယောက်ကိုတကယ်ချစ်မိသွားရင်တွေးတတ်တဲ့အတွေး(၆)မျိုး

(၄) ဒီလိုအခြေအနေမျိုးဘယ်လိုဖြစ်လာလဲမသိဘူး၊ ဒါပေမယ့် ဒီအတွက်အရမ်းပျော်တယ်

သူနဲ့ကိုယ်နဲ့စတွေ့တုန်းက ဒီလိုမျိုးချစ်မိသွားမယ်လို့လုံးဝမထင်ခဲ့ဘဲ လက်ရှိအခြေအနေအထိဖြစ်လာပြီး ကိုယ့်ကိုယ်ကိုသတိထားမိတဲ့အချိန်မှာ တကယ်ချစ်မိနေတာမျိုးပါ။ ဒါကြောင့် ဒီလိုအနေအထားမျိုးဘယ်လိုဖြစ်လာပါလိမ့်ဆိုပြီး တွေးနေတတ်ပြီး ဒီအခြေအနေမှာလည်း ပျော်နေတာမျိုးပါ။

(၅) နောင်တမရဘူးလို့ယုံကြည်နေတယ်

သူမနဲ့ တွဲရတာအတွက် ဘယ်အချိန်တွေးတွေးစိတ်ချမ်းသာနေပြီး ဒီအတွက်လည်း နောင်တမရဘူးလို့ ယုံကြည်နေတတ်ပါတယ်။

(၆) သူစိတ်ပျက်အောင်လုပ်မိမှာစိုးရိမ်နေတယ်

အရင်က သူများတွေ ကိုယ့်အပေါ်စိတ်ပဲဆိုးဆိုး၊ ဘယ်သူဘာဖြစ်ဖြစ် စိတ်တောင်မ၀င်စားဘူးဆိုတဲ့ အနေအထားကနေ သူစိတ်ပျက်သွားမှာ၊ ကိုယ့်အပေါ်မယုံကြည်တော့မှာကို အရမ်းတွေစိတ်ပူနေတတ်ပါတယ်။

MAY THAZINHTOO

Facebook Comments