တကယ်ကို ကြည်နူးစရာပါ သမီးလေး ကျောင်းတက်ခွင့် ရသွားပါပြီ

1924
သမီး
ကျောင်းတက်ခွင့်

ကြည်‌နူးရပါပြီ

တကယ်‌‌တော့ဘဝဆိုတာ အမြဲတမ်းလည်းခါးသီး‌နေတာမျိုးမဟုတ်‌ပါဘူးကံကြမ္မာ အလှည့်‌အ‌ပြောင်း‌တွေ ရှိတတ်‌သဗျို့ .

ပြန်‌လာမှပဲ လာ‌တွေ့ပြီး ‌‌စကား‌တွေအများ‌ကြီး‌ပြောကြမယ်‌အ‌မေနဲ့ညီမ‌လေး‌ရေ. .

#မှတ်‌ချက်‌ကူညီ‌ပေးကြတဲ့ တစ်‌ဦးချင်းတစ်‌‌ယောက်‌ချင်းစီတိုင်းကိုအထူး‌ကျေးဇူးတင်‌ပါတယ်‌. .

Photo – Nyein Nyein Hsu

Sai Lu Khay

ယခင်သတင်း

အမှိုက်ပုံကြီးအတွင်းက ဘဝတွေ ပြုံးပန်းဝေနိုင်ဖို့

အောင်ပန်းအဝင်လမ်းမကြီးဘေးက အနံ့ပေါင်းစုံနဲ့အမှိုက်ပုံကြီးကို အားလုံးသိကြမယ်ထင်ပါတယ်. .

ကျနော်ကတော့ အာ့နေရာရောက်ရင် အသက်အောင့်ပြီးမောင်းပြေးနေကျဗျ.

ဒီနေ့တော့အာ့အမှိုက်အနားအရောက် ကျနော့်ဆိုင်ကယ်ဆီကုန်လို့ ထိုးရပ်သွားတယ် မိုးကလည်းကျ.ဆိုင်ကယ်ပေါ်ကဆင်းပြီး တွန်းမယ်လုပ် အမှိုက်ပုံကြီးအတွင်းမှာ လူနှစ်ယောက်ကို လှမ်းတွေ့ လိုက်တယ်.

ကျနော်လမ်းဘေးကနေ လှမ်းအော်ခေါ် ပြီး စကားပြောကြည့်တော့. .

သူတို့သားအမိကဒီအမှိုက်ပုံကြီးထဲမှာ နေထိုင်ပြီး ဗူးခွံ သံစ ရောင်းလို့ရတဲ့ ပစ္စည်းတွေ ကောက်ရောင်းပြီး နေလာတာ တစ်နှစ်ပြည့်ပြီတဲ့. .ကလေးမလေးကို ကျောင်းမနေချင်ဘူးလားဆိုတော့ ကျောင်းနေချင်တယ် သမီးက က ကြီးခခွေးရေးတတ်တယ်တဲ့. .

တကယ်တော့ကျနော်က ဒီညနေ ၆နာရီကားနဲ့ ရန်ကုန်ကို အလုပ်ကိစ္စနဲ့သွားမှာဗျ ပိုက်ဆံက ငါးသောင်းပဲပါတယ်

တစ်သောင်းခွဲဖိုး ကလေးအတွက် အဝတ်အစားဖိနပ်ဝယ်ခြောက်ထောင့်လေးရာဖို့ မုန့်နဲ့ ရေသန့်ဗူးတွေဝယ်ပြီး ပေးခဲ့တယ်. .

ပြီးတော့. . ကလေးမလေး မနက်ဖြန် ကျောင်းသွားအပ်နိုင်ဖို့ စီစဉ်.

အကူအညီတောင်းချင်တယ်ဗျာကျနော် ရန်ကုန်မှာ ၆ ရက်လောက်ကြာမှာကျနော် မပြန်ခင် သူတို့ သားအမိကို ဂရုစိုက်ပေးပါသွားရောက်ကြည့်ရှုပေးကြပါ.

Sai Lu Khay

Facebook Comments