ဒီလို အျဖစ္ေတြ ႀကံဳေနရၿပီဆိုရင္ေတာ့ သင့္ခ်စ္သူနဲ႔ လမ္းခြဲလုိက္သင့္ပါၿပီ

437
လမ္းခြဲ
ခ်စ္သူ

ဒီလို အျဖစ္ေတြ ႀကံဳေနရၿပီဆိုရင္ေတာ့ သင့္ခ်စ္သူနဲ႔ လမ္းခြဲလုိက္သင့္ပါၿပီ

အခ်စ္ေရးတိုင္းဟာ အျမဲတမ္းေတာ့ လြယ္ကူေခ်ာေမြ႔မေနပါဘူး။ ႏွစ္ဦးႏွစ္ဖက္က ၾကိဳးစားမႈေလးေတြ အမ်ားၾကီးလိုတဲ့ အျပင္ကို မိန္းကေလးဖက္ကလညး္ လုပ္ရမယ့္ တာဝန္ေလးေတြရွိပါတယ္

ဒါကေတာ ့ျဖစ္သင့္ပါတယိ။ ဒါေပမယ့္ ခုေဖာ္ျပမယ့္ အရာေတြကိုပါ သင္လုပ္ေနရတယ္ ဆိုရင္ေတာ့ ဒီလူဟာ ဆက္တြဲဖို႔ မသင့္ေတာ့တဲ့သူျဖစ္ပါတယ္။

(၁) အျမဲတမ္းလုိက္ဖမ္းေနရတယ္

ဇာတ္လမ္းေတြထဲမွာလိုမ်ိဳး အခ်စ္ဆိုတာ အမဲလိုက္သလို အသည္းအသန္ၾကိဳးစာျပီးမွ ခက္ခက္ခဲခဲရလာမယ့္ အရာလို႔ ထင္ေနရင္ေတာ့ သင္အမွားၾကီးမွားပါျပီ။ အခ်စ္ဆိုတာ ၾကိဳးစားျပီး လုပ္ယူစရာမလိုတဲ့ အလြယ္ကူဆံုး ရႏိုင္တဲ့အရာ ျဖစ္ပါတယ္။ ဒါေပမယ့္ သင္ဟာ တစ္စံုတစ္ေယာက္ရဲ႕ ႏွလံုးသားဒါမွမဟုတ္ အခ်စ္ကို ရဖို႔ အျမဲတမ္း ၾကိဳးစားေနရတယ္၊ အျမဲတမ္းသင္က သူ႔ကို လိုက္ဖမ္းေနရတဲ့ ပံုစံမ်ိဳးဆုိရင္ေတာ့ ဒီလူကို လက္လႊတ္လိုက္ပါေတာ့။

(၂) သူ႔အတြက္ ေျပာင္းလဲရတယ္

သင့္ရဲ႕ ပံုစံ၊ ခႏၶာကိုယ္၊ ေမြးရာပါ သင့္ရဲ႕ျဖစ္တည္မႈ ေတြကို သူ႔အတြက္ ေျပာင္းလဲေပးရတယ္ဆိုရင္ သူ႕ကို ဆက္ျပီးမတြဲသင့္ေတာ့ပါဘူး။ သင့္ရဲ႕ သဘာဝ၊ သင့္ရဲ႕အားနည္းခ်က္ေတြကုိ လက္မခံႏိုင္တဲ့သူ၊ သင့္ရဲ႕ ပင္ကိုသဘာဝကုိ ေျပာင္းလဲဖို႔ ဖိအားေပးတဲ့သူမ်ိဳးကို သင္လံုးဝ ဆက္မတြဲသင့္ေတာ့ပါဘူး။ သင့္ကိုတကယ္ခ်စ္တဲ့သူဟာ သင့္ကို ဘယ္လိုပံုစံ၊ ဘယ္လို အေျခအေနမ်ိဳးမွာပဲ ျဖစ္ျဖစ္ ခ်စ္ေနမွာပါ။

(၃) မေသခ်ာမရာဘူး

သင့္ခ်စ္သူ သင့္အေပၚထားတဲ့ ခံစားခ်က္နဲ႔ ပတ္သက္ျပီး အျမဲတမ္း ဒြိဟျဖစ္ေနရတယ္၊ ဇေဝဇဝါျဖစ္ေနရတယ္ဆိုရင္ေတာ့ သူ႔ကို ေရွ႕ဆက္တြဲဖုိ႔ မသင့္ေတာ့ပါဘူး။ ဘာလို႔လဲဆိုရင္ေတာ့ ေယာက်္ားေလးတစ္ေယာက္က တကယ္ခ်စ္တယ္ဆိုရင္ သူ႔အခ်စ္ေတြနဲ႔ ပတ္သက္ျပီး မေသခ်ာ၊ မေရရာျဖစ္စရာအေၾကာင္းမရွိပါဘူး။ သူ႔ရဲ႕မ်က္လံုးထဲကိုၾကည့္လိုက္တုိငး္၊ သူ႕အနားမွာေနရတိုင္း အျမဲတမ္း သူ႔ခံစားခ်က္နဲ႔ ပတ္သက္ျပီး ေသခ်ာေနရမွာပါ။

(၄) ေတာင္းပန္ေနရတယ္

အခ်စ္ေရးတစ္ခုမွာ သူ႔အခ်စ္ကုိရဖို႔၊ ဒါမွမဟုတ္ သူ႔ရဲ႕ ဂရုစိုက္မႈကိုရဖို႔၊ သူလုပ္သင့္တဲ့အရာေတြကို လုပ္ဖို႔ သင့္ဖက္ကေန အျမဲတမ္း ေတာင္းပန္ေနရတယ္ဆိုရင္ေတာ့ ဒါဟာ လံုးဝမျဖစ္သင့္တဲ့ အရာပါ။ စစ္မွန္တဲ့ အခ်စ္ဆိုတာက သင့္ကို သိမ္ငယ္ေစမယ့္ အရာမဟုတ္သလို သင္ကေအာက္က်ိဳ႕ခံျပီး ေတာင္းပန္ေနစရာမလိုတဲ့ အရာျဖစ္ပါတယ္။ ဒါေၾကာင့္ သင္ကေတာင္းပန္ေနရတယ္၊ ေအာက္က်ိဳ႕ေနရတယ္ဆိုရင္ေတာ့ သင္တြဲေနတဲ့ သူကုိလက္တြဲျဖဳတ္လိုက္သင့္ပါျပီ။

(၅) ငိုေနရတယ္

အခ်စ္ေရးတစ္ခုမွာ သင္အျမဲတမ္းငိုေနရတယ္ ဆိုရင္ေတာ့ သင့္ကိုငိုေအာင္အျမဲလုပ္တဲ့ သူကုိ ထားခဲ့လုိက္ပါေတာ့။ သင္ဟာ ညတိုင္းကို မ်က္ရည္ေတြသုတ္ရင္း ေက်္ာျဖတ္ရတယ္၊ ေပ်ာ္ရတဲ့ေန႔ေတြထက္ ငိုရတဲ့ေန႔ေတြ ပိုမ်ားေနတယ္ဆုိရင္ေတာ့ သင္တြဲေနတဲ့သူကို လက္တြဲျဖဳတ္လုိက္သင့္ပါျပီ။ မိန္းကေလးေတြဟာ ကိုယ့္ကုိ အျမဲျပံဳးေစတဲ့ သူအနားမွာ ေနဖို႔ထိုက္တန္ပါတယ္

အန္တီေမ

———————

ဒီလို အဖြစ်တွေ ကြုံနေရပြီဆိုရင်တော့ သင့်ချစ်သူနဲ့ လမ်းခွဲလိုက်သင့်ပါပြီ

အချစ်ရေးတိုင်းဟာ အမြဲတမ်းတော့ လွယ်ကူချောမွေ့မနေပါဘူး။ နှစ်ဦးနှစ်ဖက်က ကြိုးစားမှုလေးတွေ အများကြီးလိုတဲ့ အပြင်ကို မိန်းကလေးဖက်ကလညး် လုပ်ရမယ့် တာဝန်လေးတွေရှိပါတယ်

ဒါကတော ့ဖြစ်သင့်ပါတယိ။ ဒါပေမယ့် ခုဖော်ပြမယ့် အရာတွေကိုပါ သင်လုပ်နေရတယ် ဆိုရင်တော့ ဒီလူဟာ ဆက်တွဲဖို့ မသင့်တော့တဲ့သူဖြစ်ပါတယ်။

(၁) အမြဲတမ်းလိုက်ဖမ်းနေရတယ်

ဇာတ်လမ်းတွေထဲမှာလိုမျိုး အချစ်ဆိုတာ အမဲလိုက်သလို အသည်းအသန်ကြိုးစာပြီးမှ ခက်ခက်ခဲခဲရလာမယ့် အရာလို့ ထင်နေရင်တော့ သင်အမှားကြီးမှားပါပြီ။ အချစ်ဆိုတာ ကြိုးစားပြီး လုပ်ယူစရာမလိုတဲ့ အလွယ်ကူဆုံး ရနိုင်တဲ့အရာ ဖြစ်ပါတယ်။ ဒါပေမယ့် သင်ဟာ တစ်စုံတစ်ယောက်ရဲ့ နှလုံးသားဒါမှမဟုတ် အချစ်ကို ရဖို့ အမြဲတမ်း ကြိုးစားနေရတယ်၊ အမြဲတမ်းသင်က သူ့ကို လိုက်ဖမ်းနေရတဲ့ ပုံစံမျိုးဆိုရင်တော့ ဒီလူကို လက်လွှတ်လိုက်ပါတော့။

(၂) သူ့အတွက် ပြောင်းလဲရတယ်

သင့်ရဲ့ ပုံစံ၊ ခန္ဓာကိုယ်၊ မွေးရာပါ သင့်ရဲ့ဖြစ်တည်မှု တွေကို သူ့အတွက် ပြောင်းလဲပေးရတယ်ဆိုရင် သူ့ကို ဆက်ပြီးမတွဲသင့်တော့ပါဘူး။ သင့်ရဲ့ သဘာဝ၊ သင့်ရဲ့အားနည်းချက်တွေကို လက်မခံနိုင်တဲ့သူ၊ သင့်ရဲ့ ပင်ကိုသဘာဝကို ပြောင်းလဲဖို့ ဖိအားပေးတဲ့သူမျိုးကို သင်လုံးဝ ဆက်မတွဲသင့်တော့ပါဘူး။ သင့်ကိုတကယ်ချစ်တဲ့သူဟာ သင့်ကို ဘယ်လိုပုံစံ၊ ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ချစ်နေမှာပါ။

(၃) မသေချာမရာဘူး

သင့်ချစ်သူ သင့်အပေါ်ထားတဲ့ ခံစားချက်နဲ့ ပတ်သက်ပြီး အမြဲတမ်း ဒွိဟဖြစ်နေရတယ်၊ ဇဝေဇဝါဖြစ်နေရတယ်ဆိုရင်တော့ သူ့ကို ရှေ့ဆက်တွဲဖို့ မသင့်တော့ပါဘူး။ ဘာလို့လဲဆိုရင်တော့ ယောကျ်ားလေးတစ်ယောက်က တကယ်ချစ်တယ်ဆိုရင် သူ့အချစ်တွေနဲ့ ပတ်သက်ပြီး မသေချာ၊ မရေရာဖြစ်စရာအကြောင်းမရှိပါဘူး။ သူ့ရဲ့မျက်လုံးထဲကိုကြည့်လိုက်တိုငး်၊ သူ့အနားမှာနေရတိုင်း အမြဲတမ်း သူ့ခံစားချက်နဲ့ ပတ်သက်ပြီး သေချာနေရမှာပါ။

(၄) တောင်းပန်နေရတယ်

အချစ်ရေးတစ်ခုမှာ သူ့အချစ်ကိုရဖို့၊ ဒါမှမဟုတ် သူ့ရဲ့ ဂရုစိုက်မှုကိုရဖို့၊ သူလုပ်သင့်တဲ့အရာတွေကို လုပ်ဖို့ သင့်ဖက်ကနေ အမြဲတမ်း တောင်းပန်နေရတယ်ဆိုရင်တော့ ဒါဟာ လုံးဝမဖြစ်သင့်တဲ့ အရာပါ။ စစ်မှန်တဲ့ အချစ်ဆိုတာက သင့်ကို သိမ်ငယ်စေမယ့် အရာမဟုတ်သလို သင်ကအောက်ကျို့ခံပြီး တောင်းပန်နေစရာမလိုတဲ့ အရာဖြစ်ပါတယ်။ ဒါကြောင့် သင်ကတောင်းပန်နေရတယ်၊ အောက်ကျို့နေရတယ်ဆိုရင်တော့ သင်တွဲနေတဲ့ သူကိုလက်တွဲဖြုတ်လိုက်သင့်ပါပြီ။

(၅) ငိုနေရတယ်

အချစ်ရေးတစ်ခုမှာ သင်အမြဲတမ်းငိုနေရတယ် ဆိုရင်တော့ သင့်ကိုငိုအောင်အမြဲလုပ်တဲ့ သူကို ထားခဲ့လိုက်ပါတော့။ သင်ဟာ ညတိုင်းကို မျက်ရည်တွေသုတ်ရင်း ကျေ်ာဖြတ်ရတယ်၊ ပျော်ရတဲ့နေ့တွေထက် ငိုရတဲ့နေ့တွေ ပိုများနေတယ်ဆိုရင်တော့ သင်တွဲနေတဲ့သူကို လက်တွဲဖြုတ်လိုက်သင့်ပါပြီ။ မိန်းကလေးတွေဟာ ကိုယ့်ကို အမြဲပြုံးစေတဲ့ သူအနားမှာ နေဖို့ထိုက်တန်ပါတယ်။

အန်တီမေ

Facebook Comments