သင့်အပေါ်မနာလိုဝန်တိုစိတ် ဖြစ်နေသူတွေ လုပ်တတ်ကြတဲ့ အပြုအမူ (၅) မျိုး

547

လောကမှာ လူတွေဟာ ကိုယ့်ထက်သာ သွားမှာကို အရမ်း စိုးရိမ်တတ် ကြပါတယ်။ တကယ်လို့ လူတစ်ယောက် အရမ်း အောင်မြင်သွားတဲ့ အခါ၊ သူတို့ ဘယ်လိုမှ မယှဉ်နိုင်တော့တဲ့ အခါမှာ စပြီး ယုတ်မာကြ ပါတော့တယ်။ တကယ်လို့ သင်ဟာ ဒီလို အရာတွေကို ကြုံတွေ့နေရတယ် ဆိုရင်တော့ သင်ဟာ သူတို့ ဘယ်လိုမှ မယှဉ်နိုင်တဲ့လူ တယောက် ဖြစ်တယ် ဆိုတာ သိလိုက် ပါနော်

၁။ သင့်ရဲ့အတိတ်ကို ဖော်မယ်

လူတွေဟာ သင့်ကို မယှဉ်နိုင်တော့တဲ့ အခါ သင့်ရဲ့ အတိတ်က အမှားတွေ၊ အားနည်းချက် တွေနဲ့ နာကျင်စရာတွေကို တူးဖော်လာကြ ပါလိမ့်မယ်။ သူတို့ဟာ ပစ္စုပ္ပန်က သင့်ရဲ့ အောင်မြင်မှု၊ ကြီးကျယ်ခမ်းနားမှုတွေကို ဘယ်လိုမှ မယှဉ်နိုင်တော့ တာကြောင့် ဒါမှမဟုတ် လက်မခံနိုင် တာကြောင့် သင့်ရဲ့ အတိတ်ဟောင်းနဲ့ စတင် တိုက်ခိုက်ကြ ပါလိမ့်မယ်။ ဒီအရာ တွေကြောင့်တော့ စိတ်မညစ် ပါနဲ့နော်။ အတိတ်ဆိုတာ သင်ကျော်လွှား အောင်မြင် ခဲ့ပြီးသား ဖြစ်ပါတယ်။

၂။ ကောလဟာလတွေ လွှင့်မယ်

နောက်တစ်ခုက သင့်ရဲ့ မဟုတ်မမှန်တဲ့ သတင်းတွေကို ပြောကြတော့မှာပါ။ သင်ဘယ်တုန်း ကမှ မလုပ်ခဲ့ဖူးတဲ့ အရာတွေ၊ ဘယ်တုန်းကမှ မသိဖူးတဲ့ အဖြစ်အပျက်တွေကို မဟုတ်မမှန် သတင်းလွှင့်ကြတော့မှာပါ။ ဒီလိုကောလဟာလတွေ အများစုကလည်း အပြင်ကမဟုတ်ပဲ ရင်းနှီးတဲ့ သူတွေဖြစ်နေတာ များပါတယ်။ ဒီအရာတွေကို ဂရုစိုက်စရာ မလိုပါဘူး။ ကိုယ့်လိပ်ပြာ ကိုယ်လုံဖို့ပဲ အရေးကြီးတာပါ

၃။ ဒေါက်ဖြုတ်မယ်

သင့်ကို ဘယ်လိုမှ မယှဉ်နိုင်တော့တဲ့ အခါတွေမှာ ဒေါက်ဖြုတ်တဲ့ နည်းကို အသုံးပြုပြီး ယုတ်မာ တတ်ကြပါသေးတယ်။ ဥပမာ လူစုံနေတုန်းမှာ မိမိကိုကဲ့ရဲ့တာ၊ လှောင်ပြောင်တာ၊ အမှားကို လူသိရှင်ကြား ထောက်ပြတာမျိုးတွေ လုပ်တတ်ကြ ပါတယ်။ တစ်ခါတလေ မြှောက်သလိုလို လေးနဲ့တောင် မသိမသာ ဒေါက်ဖြုတ်တတ်ကြ ပါသေးတယ်။ ဒါဆိုရင်တော့ ဒေါသထွက်မနေပဲ သင့်ကို သူတို့ဘယ်လိုမှ မယှဉ်နိုင်လို့ဆိုတာ ကို သိပြီး သနားတဲ့ အကြည့်နဲ့သာ ကြည့်နေလိုက်ပါ။

၎။ ဆရာလုပ်မယ်

လူတွေက သင့်ကို မယှဉ်နိုင်တော့တဲ့ အခါ “လင်းတ လောက်တော့ ငှက်တိုင်း လှတယ်” ဆိုတဲ့ အချိုးမျိုးချိုးလာ ကြတော့မှာပါ။ ဘယ်လိုပုံစံလဲ ဆိုတော့ ဟိုလို လုပ်ပါလား ၊ ဟိုလို လုပ်ရင် ပိုကောင်းမယ့် ဥစ္စာကို ၊ ဒါလေးများ ဆိုတဲ့ စကားတွေကို ပြောလာကြတော့ မှာပါ။ သူတို့ကပြောသာ ပြောတာပါ၊ သူတို့ကို တကယ် လုပ်ခိုင်းရင်တော့ တစ်ခုမှလည်း မလုပ်နိုင်ပြန် ပါဘူး။ ဒါကြောင့် သူတို့ ကိုယ့်ကို ဆရာ လာလုပ်ရင် ဒီအတိုင်း ခေါင်းညိတ်ပေးနေ လိုက်တာ ပိုကောင်း ပါတယ်

၅။ ရှောင်ကြမယ်

နောက်ထပ် ယုတ်မာတဲ့ ပုံစံကတော့ သင့်ကို ရှောင်ကြတော့ မှာပါ။ သင်လိုအပ်တဲ့ အချိန်တွေမှာ သူတို့ရှိနေမှာ မဟုတ်ဘူး၊ သင့်ကို မယှဉ်နိုင်တော့တဲ့ အခါ သင့်ကိုတောင် မြင်ဖို့ အားအင် သူတို့မှာ မရှိပါဘူး။ ဒါကြောင့် သင့်ကို ရှောင်ပြီး တမင် ခါချခဲ့တာတွေ၊ တမင် ဖယ်ခွာခဲ့တာတွေ လုပ်လာကြတော့မှာပါ။

ဒီလိုဆိုလည်း သင်ဝမ်းမနည်းပါနဲ့။ သင်နဲ့ ကိုက်ညီတဲ့၊ သင့်ကို တကယ်ချစ်တဲ့ လူသစ်တွေနဲ့သာ ပျော်ရွှင်စွာ နေလိုက်ပါ။ သင့်ရဲ့ အပြုံးဟာ သူတို့အတွက် မီးလိုပဲ ဆိုတာ မမေ့ပါနဲ့။ ဒါကြောင့် ပျော်ပျော်နေပါ။

Credit-bahututaa

Facebook Comments