ချစ်သူအပေါ်ကို နှလုံးသားတစ်ခုလုံး ပုံအောပြီး ချစ်တဲ့ ကောင်မလေးဆိုတာ ဒီလိုပါ..

702

သင်ဟာ အရမ်းချစ်တတ်ပြီး အရည်အချင်းရှိတဲ့ ချစ်သူကောင်မလေးကို ပိုင်ဆိုင်ထားပြီဆိုရင် သင့်ဘက်ကလည်း တန်ဖိုးထားပြီးချစ်ပေးလိုက်ပါ။ မိန်းကလေးအများစုက ချစ်သူအပေါ်အားကိုးပြီး အမြဲမှီခိုချင်ကြပါတယ်။

အောက်ပါအချက်လေးတွေနဲ့ ကိုက်ညီတဲ့ ချစ်သူကိုပိုင်ဆိုင်ထားပြီဆို သင့်ကောင်မလေးကို လက်မလွှတ်ရအောင် တန်ဖိုးထားပြီးချစ်ပေးပါနော် ။

၁။ ရွှေငွေတွေထက် သင့်ကိုပိုမက်မောတယ် ။

သူမက ဂုဏ်တွေ၊ အရှိန်အဝါတွေ၊ ငွေကြေးချမ်းသာမှုတွေထက် သင့်ကိုကျော်ပြီးရွေးချယ် ခဲ့တာဆို စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာလို့ အကြွင်းမဲ့ယုံကြည်လိုက်ပါ။ သင့်ရဲ့ဖြူစင်မှု၊ ကိုယ့်ကျင့်တရားကို သူမက ချစ်တာပါ။ ဘဝမှာရွေးချယ်စရာတွေတွေ့ခဲ့ရင်တောင်မှ သင်မှသင်ပါပဲ။

Couple with bikes looking at river view.

၂။ စစ်မှန်တဲ့ ပါရမီဖြည့်ဖက် ။

သူမရဲ့ အလိုဆန္ဒတွေကိုဖြည့်ဆည်းပေးဖို့ သင့်ကို လက်တွဲခဲ့တာမဟုတ်ပါဘူး။ သင့်ရဲ့ စိတ်ကူးအိပ်မက်တွေကို သင်နဲ့အတူ အကောင်အထည်ဖော်ပေးဖို့ ရှိနေမှာပါ။ သင်မအောင်မြင်သေးတဲ့အချိန်မှာ သင့်ကိုထားသွားမယ့်သူမျိုးမဟုတ်ပါဘူး။

၃။ လောကဓံကို ကြံ့ကြံ့ခံမယ် ။

သင့်ဘဝမှာ ကျဆုံးချိန်တွေကို ရောက်လာခဲ့ရင် သင့်ကိုစွန့်ခွာသွားမှာ မဟုတ်ပါဘူး။ သင်နဲ့အတူ လောကဓံရိုက်ချက်တွေကို အတူတူအေးတူပူအမျှရင်ဆိုင်ပေးဖို့ အမြဲအသင့်ရှိနေမှာပါ။ သူမရဲ့ အားပေးနှစ်သိမ့်မှုတွေနဲ့ သင့်ဘဝကို ခွန်အားဖြစ်စေမှာပါ။

၎။ လမ်းမှန်ကိုပြပေးမယ် ။

သင်အရင်က ဘယ်လိုဆိုးသွမ်းခဲ့ပါစေ လမ်းမှားလိုက်ခဲ့ပါစေ သူမရဲ့ချစ်သူဖြစ်တဲ့အချိန်မှာ သင့်ကိုလမ်းမှန်ရောက်အောင် တွန်းပို့ပေးမှာပါ။ သင်ဟာ အရက်သောက်တတ်တဲ့သူ၊ ဆေးလိပ်သောက်တတ်တဲ့သူမျိုးဆိုရင်တောင် သင့်ကျန်းမာရေးအတွက် အမုန်းခံပြီးတားမြစ် မှာပါ။

၅။ အမြဲ စိုးရိမ်ပူပန်မယ် ။

သင်နဲ့ပတ်သက်ရင် အမြဲစိုးရိမ်ပူပန်နေမယ်။ ချစ်သူတစ်ယောက်အနေနဲ့ရော မိခင်တစ်ယောက်ရဲ့စိတ်မျိုးနဲ့ သင့်ကိုအချိန်တိုင်းစိုးရိမ်ပူပန်ပေးမယ့်သူမျိုးတွေပါ။

၆။ အရှုပ်အရှင်း ကင်းအောင်နေမယ် ။

သူမက သင့်ရဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းကြားမှာရော၊ သူမရဲ့ကိုယ်ပိုင် အသိုင်းအဝိုင်းကြားမှာရော နာမည်ပျက် အရှုပ်အရှင်းကင်းအောင် နေမယ့်သူမျိုးပါ။crd

Facebook Comments