“အခမ့ဲစာသင္ဝိုင္းမွ တကၠသိုလ္ဝင္တန္းကို (၆)ဘာသာဂုဏ္ထူးရွင္မအိမ့္ကလ်ာခိုင္ရဲ႕ ေျပာျပခ်က္…”

594

အခုလိုဘာသာစုံနဲ႕ေအာင္တာသိပ္ၾကီးမေပ်ာ္ပါဘူး။ပုံမွန္ပါဘဲ။´´ဟုမအိမ့္ကလ်ာခိုင္ကေျပာသည္။

အခမဲ႕စာသင္ဝိုင္းဖြင့္ခ့ဲသည္မွာ(၁၁)ႏွစ္ရွိျပီျဖစ္ေသာမစိုးရိမ္ေက်ာင္းတိုက္မွ(၆)ဘာသာဂုဏ္ထူးရွင္ထြန္းေပၚျခင္းျဖစ္သည္။“(၃၂)ဦးေျဖတာ

(၁၆)ဦးေအာင္တယ္။ဘာသာစုံဂုဏ္ထူးရတာ(၁)ဦး က်န္တဲ့(၁၅)ဦးကရိုးရိုးေအာင္ၾကတာပါ။

သူ႕အေမကေရႊက်င္ဓမၼာရံုအုတ္တံတိုင္းေဘးမွာမ်ွင္ေလ်ွာ္ေရာင္းရွာၾကတာပါ။ကေလးက၅တန္းကတည္းကေနေနတာပါ။

ကေလးကိုလာေခၚတာေတြရွိတယ္။အဝတ္အစားကစေထာက္ပ့ံမယ္။ရည္ခ်ြန္ေအာင္ ေအာင္လည္းလုပ္ေပးမယ္စသျဖင့္ေျပာျပီး(၃)ဝိုင္းကလာေခၚတယ္။
ကေလးမေလးကမလိုက္ရွာပါဘူး။

သမီးကိုဘာမွမသိခင္ကတည္းကဘုန္းဘုန္းေက်ာင္းကအလကားသက္ေပးတာတ့ဲ။ဒီမွာဘဲတက္တာပါသံေကာင္းရွိပါလ်က္နဲ႕ဓားေကာင္းမထုတ္ႏိုင္ရင္ပန္းဘဲဆရာညံ႕ရာက်တယ္ေနာ္

လို႕ဆရာ-ဆရာမေတြကိုေျပာေတာ့ သူတို႕ကရွယ္လုပ္ေပးၾကတာအခုလိုဘာသာစုံဂုဏ္ထူးရတာပါ။ေအာက္ေျခကေနစ ေတာ္လာတာပါ။´

´ဟုမစိုးရိမ္ေက်ာင္းတိုက္ဆရာေတာ္ မဟာသဒၶမၼေဇာတိကဓဇဘဒၵႏၲ ဥတၱရ ကမိန္႕ေတာ္မူသည္။

ဘာသာစုံဂုဏ္ထူးရွင္မအိမ့္ကလ်ာခိုင္၏သည္မိသားစုႏွင့္အတူ မုံရြာျမိဳ႕ထန္းေတာရပ္အခြန္လြတ္ေစ်း အနီးတြင္ေနထိုင္ျပီး မိသားစုက

အလယ္ရပ္ေရႊက်င္ဓမၼာရံုေက်ာင္းတိုက္အေနာက္ေပါက္တြင္မ်ွင္ေလ်ွာ္ေရာင္းၾကျခင္းျဖစ္သည္။“သမီးအသက္နဲ႕အမ်ွ

အလယ္ရပ္ ေရႊက်င္ဓမၼာရံုေက်ာင္းတိုက္အေနာက္ေပါက္မွာသင္ေလ်ာ္ပင္ ေရာင္းတာပါ။

သမီးၾကိဳးစားမႈေၾကာင့္အခုလိုေအာင္ျမင္တာအတိုင္းမသိဝမ္းသာတယ္။သမီးကိုယ္တိုင္ၾကိဳးစားမႈနဲ႕မစိုးရိမ္ဆရာေတာ္

ရဲ႕ပ့ံပိုးမႈေကာင္းလို႕အခုလိုဘာသာစုံဂုဏ္ထူးရတာပါ။´´ဟုမိခင္ျဖစ္သူေဒၚႏြယ္မာကေျပာသည္။

(၆)ဘာသာဂုဏ္ထူးရွင္မအိမ့္ကလ်ာခိုင္အေနျဖင့္အမွတ္ေပါင္း(၅၀၀)ေက်ာ္ရရွိမည္မွန္းထားသလိုအမွတ္(၉၀)ေက်ာ္ျဖင့္ဘိုင္အိုကအမွတ္အမ်ားဆုံးရႏိုင္ကာ

အဂၤလိပ္စာအမွတ္မွာလည္း(၈၀)ေက်ာ္ႏိုင္ေၾကာင္း မအိမ့္ကလ်ာခိုင္ကဆိုသည္။

“မစိုးရိမ္အခမဲ႕စာသင္ဝိုင္းမွာေနလာတာ ၅တန္းကတည္းကပါ။ႏွစ္တိုင္းအတန္းတိုင္းေအာင္လာတာအခုဆယ္တန္းမွာလည္းႏွစ္ျခင္းေပါက္ေအာင္တာျဖစ္ပါတယ္။

ဆယ္တန္းစာကို တျခားသူေတြလိုမနားတမ္းက်က္တာဖတ္တာမဟုတ္ပါဘူး။

အိပ္ခ်ိန္အိပ္တယ္။ပုံမွန္စားတယ္။မနားမေနအတင္းလုပ္တာမိ်ဳးမရွိပါဘူး။၁၀တန္းကိုဘာသာစုံနဲ႕ေအာင္ေတာ့ စက္မႈတကၠသိုလ္တက္မယ္

။ေလာေလာဆယ္ တကၠသိုလ္မတက္ခင္မစိုးရိမ္စာသင္ဝိုင္းမွာ စာသင္ေနပါတယ္။(၉)တန္းအဂၤလိပ္စာနဲ႕ညပိုင္း(၁၀)တန္းဂိုက္လုပ္သင္ေပးေနပါတယ္။

မစိုးရိမ္မွာဘဲဖြင့္ေနတ့ဲဇဂ်ပန္စာသင္တန္းလည္းတက္ေနတာပါ။စက္မႈတကၠသိုလ္မတက္ခင္ကြန္ပ်ဴတာပညာသင္ဖို႕ရွိတယ္။´

´ဟုမအိမ့္ကလ်ာခိုင္ကသူေတြ႕လာသမ်ွကိုေဝငွသည္။ မစိုးရိမ္အခမဲ႕စာသင္ဝိုင္းတြင္ သင္ၾကားေပးေနေသာဆရာ-ဆရာမ

၈၀ဦးေက်ာ္ရွိျပီး ယခုႏွစ္တြင္ေက်ာင္းသားေက်ာင္းသူ(၂၀၀)ေက်ာ္ပညာသင္ၾကားလ်က္ရွိသည္။…..လိႈင္ကို= mmlivenews

Unicode Version

ပညာရေးစနစ်ပြောင်းပြောင်းမပြောင်းပြောင်း စာကိုပုံမှန်ကျက်ရန်လိုအပ်ကြောင်းမုံရွာမြို့အလယ်ရပ်

မစိုးရိမ်ကျောင်းတိုက်အခမဲ့စာသင်ဝိုင်းမှတက္ကသိုလ်ဝင်တန်းအောင် (၆)ဘာသာဂုဏ်ထူးရှင်မအိမ့်ကလျာခိုင်ကပြောသည်။

“အခုတက်နေတဲ့မောင်လေးတွေညီမလေးတွေအနေနဲ့ ပညာရေးစနစ်ပြောင်းပြောင်း မပြောင်းပြောင်းစာကိုပုံမှန်ကျက်သွားဖို့ဘဲလိုတာပါ။

အခုလိုဘာသာစုံနဲ့အောင်တာသိပ်ကြီးမပျော်ပါဘူး။ပုံမှန်ပါဘဲ။´´ဟုမအိမ့်ကလျာခိုင်ကပြောသည်။

အခမဲ့စာသင်ဝိုင်းဖွင့်ခဲ့သည်မှာ(၁၁)နှစ်ရှိပြီဖြစ်သောမစိုးရိမ်ကျောင်းတိုက်မှ(၆)ဘာသာဂုဏ်ထူးရှင်ထွန်းပေါ်ခြင်းဖြစ်သည်။“(၃၂)ဦးဖြေတာ

(၁၆)ဦးအောင်တယ်။ဘာသာစုံဂုဏ်ထူးရတာ(၁)ဦး ကျန်တဲ့(၁၅)ဦးကရိုးရိုးအောင်ကြတာပါ။

သူ့အမေကရွှေကျင်ဓမ္မာရုံအုတ်တံတိုင်းဘေးမှာမျှင်လျှော်ရောင်းရှာကြတာပါ။ကလေးက၅တန်းကတည်းကနေနေတာပါ။

ကလေးကိုလာခေါ်တာတွေရှိတယ်။အဝတ်အစားကစထောက်ပံ့မယ်။ရည်ချွန်အောင် အောင်လည်းလုပ်ပေးမယ်စသဖြင့်ပြောပြီး(၃)ဝိုင်းကလာခေါ်တယ်။
ကလေးမလေးကမလိုက်ရှာပါဘူး။

သမီးကိုဘာမှမသိခင်ကတည်းကဘုန်းဘုန်းကျောင်းကအလကားသက်ပေးတာတဲ့ဒီမှာဘဲတက်တာပါသံကောင်းရှိပါလျက်နဲ့ဓားကောင်းမထုတ်နိုင်ရင်ပန်းဘဲဆရာညံ့ရာကျတယ်နော်

လို့ဆရာ-ဆရာမတွေကိုပြောတော့ သူတို့ကရှယ်လုပ်ပေးကြတာအခုလိုဘာသာစုံဂုဏ်ထူးရတာပါ။အောက်ခြေကနေစ တော်လာတာပါ။´

´ဟုမစိုးရိမ်ကျောင်းတိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တ ဥတ္တရ ကမိန့်တော်မူသည်။

ဘာသာစုံဂုဏ်ထူးရှင်မအိမ့်ကလျာခိုင်၏သည်မိသားစုနှင့်အတူ မုံရွာမြို့ထန်းတောရပ်အခွန်လွတ်ဈေး အနီးတွင်နေထိုင်ပြီး မိသားစုက

အလယ်ရပ်ရွှေကျင်ဓမ္မာရုံကျောင်းတိုက်အနောက်ပေါက်တွင်မျှင်လျှော်ရောင်းကြခြင်းဖြစ်သည်။“သမီးအသက်နဲ့အမျှ

အလယ်ရပ် ရွှေကျင်ဓမ္မာရုံကျောင်းတိုက်အနောက်ပေါက်မှာသင်လျော်ပင် ရောင်းတာပါ။

သမီးကြိုးစားမှုကြောင့်အခုလိုအောင်မြင်တာအတိုင်းမသိဝမ်းသာတယ်။သမီးကိုယ်တိုင်ကြိုးစားမှုနဲ့မစိုးရိမ်ဆရာတော်

ရဲ့ပံ့ပိုးမှုကောင်းလို့အခုလိုဘာသာစုံဂုဏ်ထူးရတာပါ။´´ဟုမိခင်ဖြစ်သူဒေါ်နွယ်မာကပြောသည်။

(၆)ဘာသာဂုဏ်ထူးရှင်မအိမ့်ကလျာခိုင်အနေဖြင့်အမှတ်ပေါင်း(၅၀၀)ကျော်ရရှိမည်မှန်းထားသလိုအမှတ်(၉၀)ကျော်ဖြင့်ဘိုင်အိုကအမှတ်အများဆုံးရနိုင်ကာ

အင်္ဂလိပ်စာအမှတ်မှာလည်း(၈၀)ကျော်နိုင်ကြောင်း မအိမ့်ကလျာခိုင်ကဆိုသည်။

“မစိုးရိမ်အခမဲ့စာသင်ဝိုင်းမှာနေလာတာ ၅တန်းကတည်းကပါ။နှစ်တိုင်းအတန်းတိုင်းအောင်လာတာအခုဆယ်တန်းမှာလည်းနှစ်ခြင်းပေါက်အောင်တာဖြစ်ပါတယ်။

ဆယ်တန်းစာကို တခြားသူတွေလိုမနားတမ်းကျက်တာဖတ်တာမဟုတ်ပါဘူး။

အိပ်ချိန်အိပ်တယ်။ပုံမှန်စားတယ်။မနားမနေအတင်းလုပ်တာမျိုးမရှိပါဘူး။၁၀တန်းကိုဘာသာစုံနဲ့အောင်တော့ စက်မှုတက္ကသိုလ်တက်မယ်

။လောလောဆယ် တက္ကသိုလ်မတက်ခင်မစိုးရိမ်စာသင်ဝိုင်းမှာ စာသင်နေပါတယ်။(၉)တန်းအင်္ဂလိပ်စာနဲ့ညပိုင်း(၁၀)တန်းဂိုက်လုပ်သင်ပေးနေပါတယ်။

မစိုးရိမ်မှာဘဲဖွင့်နေတဲ့ဇဂျပန်စာသင်တန်းလည်းတက်နေတာပါ။စက်မှုတက္ကသိုလ်မတက်ခင်ကွန်ပျူတာပညာသင်ဖို့ရှိတယ်။´

´ဟုမအိမ့်ကလျာခိုင်ကသူတွေ့လာသမျှကိုဝေငှသည်။ မစိုးရိမ်အခမဲ့စာသင်ဝိုင်းတွင် သင်ကြားပေးနေသောဆရာ-ဆရာမ

၈၀ဦးကျော်ရှိပြီး ယခုနှစ်တွင်ကျောင်းသားကျောင်းသူ(၂၀၀)ကျော်ပညာသင်ကြားလျက်ရှိသည်။…..လှိုင်ကို = mmlivenews

Facebook Comments