ပေါင်းဖက်ဖို့ အသင့်တော်ဆုံး အိမ်ထောင်ဖက် နေ့နံများ

2148

ပေါင်းဖက်ဖို့ အသင့်ဆုံး အိမ်ထောင်ဖက် နေ့နံများ…

အိမ်ထောင်ဖက်

ဦး သာ စိန် ပန်း ဒန်းလှကိုရှာ

ဦး-သာ တနင်္ဂနွေနှင့် သောကြာ အိမ်ထောင်ဖက်

စိန်-ပန်း အင်္ဂါနှင့် ကြာသပတေး အိမ်ထောင်ဖက်

ဒန်း-လှ စနေနှင့် ဗုဒ္ဓဟူး အိမ်ထောင်ဖက်

ကို-ရှာ တနင်္လာ နှင့် ရာဟု အိမ်ထောင်ဖက်

အိမ်ထောင်ရန်ဖက်

ဓမ္မာ၊ သောက ၊ အင်းဝ၊ ရာဇာ

ဓ မ္မာ – စနေနဲ့ ကြာသပတေး အိမ်ထောင်ဖက်ရန် မသင့်

သော က – သောကြာနှင့် တနင်္လာ အိမ်ထောင်ဖက်ရန် မသင့်

အင်း-၀ တနင်္ဂနွေနှင့် ဗုဒ္ဓဟူး အိမ်ထောင်ဖက်ရန် မသင့်

ရာ-ဇာ ရာဟုနှင့် အင်္ဂါ အိမ်ထောင်ဖက်ရန် မသင့်

မိတ်ဖက်

အောင် ပ ကုလား ဆွေသား နောင်ရင်း

အောင် ပ တနင်္ဂနွေနှင့် ကြာသပတေး မိတ်ဖက်သင့်သည်

ကု လား တနင်္လာနှင့် ဗုဒ္ဓဟူး မိတ်ဖက်သင့်သည်

ဆွေ သား အင်္ဂါနှင့် သောကြာ မိတ်ဂြိုလ်သင့်သည်

နောင် ရင်း စနေနှင့် ရာဟု မိတ်ဂြိုလ်သင့်သည်

ကမ္ဘာ့ရန်

ဦးညို ခေမာ သုတ ဝေရီ

ဦး-ညို တနင်္ဂနွေနှင့် အင်္ဂါ ကမ္ဘာ့ရန်

ခေ-မာ တနင်္လာနှင့် ကြာသပတေး ကမ္ဘာ့ရန်

သု-တ သောကြာနှင့် စနေ ကမ္ဘာ့ရန်

ဝေ-ရီ ဗုဒ္ဓဟူးနှင့် ရာဟု ကမ္ဘာ့ရန်

ခုနှစ်နံနှင့် အုပ်စိုးသည့် သတ္တုရတနာများ

တနင်္ဂနွေ – ကြေးနီ

တနင်္လာ – ပတ္တမြား

အင်္ဂါ – ရွှေ

ဗုဒ္ဓဟူး – ကျောက်သံပတ္တမြား

ကြာသပတေး – ငွေ

သောကြာ-ပုလဲ

စနေ-သံ

ရက်ရာဇာ ရွေးနည်း

တန်ခူး သာလှ – တန်းခူးလမှာ သောကြာ- ဗုဒ္ဓဟူး

ထွန်းပ ကဆုန် – ကဆုန်လမှာ စနေ – ကြာသပတေး

နယုန်ညွန့်စ – နယုန်လမှာ အင်္ဂါ

အောင်လှဝါဆို – ဝါဆိုလတွင် တနင်္ဂနွေ- ဗုဒ္ဓဟူး

သာလိုဝါခေါင် – ဝါခေါင်လတွင် ဗုဒ္ဓဟူး-သောကြာ

မြတောင် တော်သလင်း -တော်သလင်းလတွင် ကြာသပတေး-စနေ

သီတင်းကျွတ် ဆီ – သီတင်းကျွတ်လတွင် အင်္ဂါ

သောရီ တန်ဆောင်မုန်း – တန်ဆောင်မုန်းလတွင် သောကြာ -ရာဟု ချမ်းတုန် နတ်တော် – နတ်တော်လတွင် တနင်္လာ – စနေ

မိနော်ပြာသို ပြာသိုလတွင် ကြာသပတေး-စနေ

မိညိုတပို့တွဲ တပို့တွဲလတွင် -အင်္ဂါ – ကြာသပတေး

ထဲဝင်တပေါင်း တပေါင်းလတွင် စနေ – ဗုဒ္ဓဟူး

ဆောင်တိုင်းအောင်မည့် ရက်ကောင်းရာဇာဖြစ်ပေသည်။

ပြဿဒါးရက်ရွေးနည်း

တန်ခူးဝါခေါင် ၊ တိမ်တောင်ထွန်းပေါ် လနတ်တော် မေလျာ မြွေနဲ့ကြွက် (စနေ ၊ ကြာသပတေး)

ကဆုန် တော်သလင်း ပြာသိုတွင်း စွယ်ရင်းဖြူစင် ပူးနှင့်ဆင် (သောကြာ ၊ ဗုဒ္ဓဟူး)

နယုန် ဝါကျွတ် နှင်းစွတ်စိုရွှဲ တပို့တွဲ၊ ပျံဝဲတောင်ဟုန် ကျား ဂဠုန် (တနင်္လာ ၊ တနင်္ဂနွေ)

ဝါဆို တန်ဆောင်မုန်း ပူတုန်ချမ်းပြောင်း လတပေါင်း မကောင်းတဲ့နေ့ ဟိုင်းခငြေ်္သ့ (ဟိုင်း= ရာဟု ၊ ခငြေ်္သ့ = အင်္ဂါ) မကောင်းနေ့များ ပြဿဒါး မုချရှောင်ကာသွား

ဂြိုလ်နေ ဂြိုလ်သက်များ

တနင်္ဂနွေ ဂြိုလ်သက် – ၆နှစ်

တနင်္လာ ဂြိုလ်သက် – ၁၅ နှစ်

အင်္ဂါ ဂြိုလ်သက် – ၈ နှစ်

ဗုဒ္ဓဟူး ဂြိုလ်သက် – ၁၇ နှစ်

ကြာသပတေး ဂြိုလ်သက် – ၁၉နှစ်

သောကြာ ဂြိုလ်သက် – ၂၁ နှစ်

စနေ ဂြိုလ်သက်- ၁၀ နှစ်

ရာဟုဂြိုလ် – ၁၂ နှစ်

အဲဒီ့ဂြိုလ်တွေ အားလုံး ပေါင်းလိုက်ရင် ၁၀၈ ရတယ် ၁၀၈ နဝင်းလို့ ခေါ်ကြလေသည်

Social Media

Facebook Comments